သမ္မာကျမ်းစာနှင့် သိပ္ပံပညာတို့ ညီညွတ်မှုရှိသည်။
The Bible and Science Agree
http://www.creationism.org/burmese/BibleSci_my.htm
(Myanmar-Burmese Unicode Font Needed.)
Either:
  Padauk-Zawgyi or Zawgyi-One

လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့ထိတိုင်အောင် သိပ္ပံပညာရှင်များတို့သည် သိပ္ပံပညာရပ်ဆိုင်ရာ အမှုကိစ္စတို့၌ အကြိမ်ကြိမ် မှားယွန်းသောယူဆမှုများ ပြုခဲ့ကြသည်။ သိုရာတွင် သမ္မာကျမ်းစာ၌ ၎င်းကဲ့သို့သော မှားယွန်း ဖွင့်ဆိုမှုမျိုး အတိတ်မှစ၍ ယနေ့ထိတိုင်အောင်တခုမှမရှိခဲ့ပေ။ သမ္မာကျမ်းစာသည် အမြဲတန်း မှန်ကန်လျှက်ရှိသည်။ သမ္မာကျမ်းစာသည် မူလအားဖြင့် သိပ္ပံစာအုပ်မဟုတ်ရသော်လည်း သိပ္ပံနဲ့ဆိုင်သော ဖွင့်ပြမှုများသည် အမြဲတန်းပင် မှန်ကန်လျှက် ရှိသည်။ သိပ္ပံပညာရပ်ဆိုင်ရာတို့၌ သမ္မာကျမ်းစာအား အစပိုင်းတွင် ငြင်းပယ်ခဲ့ကြသော်လည်း နောက်ဆုံး၌ သိပ္ပံပညာရှင်များမှ သမ္မာကျမ်းစာ၏ ဖွင့်ဆိုမှုများ လက်ခံလာရစမြဲပင် ဖြစ်နေသည်။


ယခင် သိပ္ပံပညာရှင်
တို၏ ယူဆမူ
ယနေ့ သိပ္ပံပညာရှင်
တို၏ ယူဆမူ
မပြောင်းလဲသော
သမ္မာကျမ်းစာ၏ ဖွင့်ပြမှုများ
စကြာဝဠာကြီတခုလုံး၌ ကြယ်အလုံးရေ စုစုပေါင်း ၂၂ဝဝ ရှိသည်ဟုယူဆသည်။ ကယ်များမရေတွက်နိုင် လောက်အောင်များပြား လျက်ရှိသည်။ ယေ ၃၃း၂၂
“မိုဃ်းကောင်းကင်တန်ဆာတို့ကို မရေမတွက်နိုင် …… ”
ကမ္ဘာကြီး ပြားသည်။ ကမ္ဘာကြီးလုံးသည်။ ဟေရှာ ၄ဝး၂၂
“မြေကြီးစက်အပေါ်မှာ ထိုင်၍… ”
အလင်းမရွေ့ ရှားနိုင်ပါ။ အမြဲတန်းရပ်တန့်လျှက် ရှိသည်။ အလင်း ရွေ့ ရှားနိုင်သည်။ ရူပဂုဏ်သတ္တိများလည်း ရှိသည်။ ဥပမာ။ ။ အလင်း ဂယက်၊ အလင်းအားပမာဏ ယူနစ်ရှိခြင်း ။ ယောဘ ၃၈း၁၉
“အလင်း နေရာသို့ အဘယ် မည်သောလမ်းဖြင့် ရောက်ရ သနည်း ။ … ”
ကြယ်များသည် နေရာတခုတည်း ၌ရပ်တန့်လျှက် တည်ရှိသည်။ ကြယ်တခုစီတွင် သီးသန့်ထူး ခြားသောဂုဏ်သတ္တိရှိသည်။ ကြယ်အစုအဝေးတခုစီ ၏ ကြယ်လုံးများတို့သည် တခု နှင့်တခုဆွဲငြင်လျှက်ရှိနေကြ သည်။ ယောဘ ၃၈း၃၁
“သင်သည် ခိမကြယ်စု၏ သာ ယာစွာပြုပြင်ခြင်းကိုချုပ်တည်း နိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကိုဖြည်နိုင်သ လော။ ”
လူမမာတဦး ကျန်းမာလာနိုင်စေ ရန် မကောင်းသောသွေးများအား ထုပ်ပစ်ရ မည်။ လူအသက်ရှင်နိုင်ရန် သွေး သည်အဓိကဖြစ်သည်။ တခါတရံသွေးသွင်းရန်လည်းလိုအပ်သည်။ ဝတ် ၁၇း၁၁
“အကြောင်းမူကား၊ ကိုခန္ဓာအ သက်သည် အသွေး၌ တည်၏။…”
လေထုတွင် အလေးမရှိပါ ။ အောက်စီဂျင်၊ နိုတ်ထိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက် စသည်တို့သည် အလေးချိန်ရှိ ၍ ထိုအလေးချိန်လည်းတိုင်း ထွာ၍ ရသည်။ ယောဘ ၂၈း၂၅
“လေကိုချိန်လျက်၊ ရေကိုလည်း ခြင်လျက်…”
လေသည် ကမ္ဘာ၏ တဖက်မှတ ဖက်သို့ ဖြောင့်တန်းလျက် တိုက် ခတ်သည်။ ကောက်ကွေ့ခြင်းမရှိ။ ကမ္ဘာ့လေကြောင်းများသည် ကမ္ဘာ၏ တဖက်မှတဖက်သို့ ကြီးမားသောစက်ဝိုင်းကဲ့သို့ လည်ပတ်တိုက်ခတ် လျက်ရှိ သည်။ ဒေ ၁း၆
“လေသည်လည်း အစဉ်လည် သွား၍၊ လည်ပြီးသောအရပ်သို့ တဖန်ပြန်၍ လည်ပြန်တတ်၏။ ”
ကမ္ဘာလုံးကြီးသည် တစုံတဦး မှ ကျောကုန်းဖြင့်သယ်ဆောင်နေ သည်။ ကမ္ဘာလုံးကြီးသည် လေဟာ ပြင်ကြီးထဲတွင် မျောပါလျက် ရှိသည်။ ယောဘ ၂၆း၇
“မိုဃ်းကောင်းကင်ကို လွတ် လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိဆွဲထား တော်မူ၏။ ”
လက်ဆေးရန် အရေးမကြီးပါ။ ဖျားချင်လျင် ဖျားသည်။ ရေစီးမြန်သောရေဖြင့် လက် ဆေးရန်လိုအပ်သည်။ ရောဂါ သည် ထိတွေ့မှု အားဖြင့် ကူးစက်ပြန့်ပွား လျက်ရှိသည်။ ဝတ် ၁၅း၁၃
“…စီးသောရေဖြင့် ကိုယ်ကိုချိုး သဖြင့်စင်ကြယ်ရ၏။ ”
ကြယ်များတခုနှင့်တခု တူညီမှုရှိ ကြ သည်။ ကြယ်များတခုနှင့်တခု တူညီမှု မရှိကြ ပေ။ သီးသန့် ကိုယ်စီ ရှိကြသည်။ ၁ ကော ၁၅း၄၁
“…ကြယ်တို့၏ဂုဏ်အသရေသည် တမျိုး အသီးအသီး ရှိကြ၏။ကြယ် တို့၏ဂုဏ်အသရေသည်လည်း အ သီးသီးအခြားခြားဖြစ်ကြ၏။ ”
အနတ္တမှ အရာခပ်သိမ်း ဖြစ်ဖွား လာရသည်။ ဤအယူအဆကို “မဟာ ပေါက်ကွဲခြင်း (The Big Bang) ” ဟုခေါ်သည်။ လုပ်ဆောင်မှုအားလုံးတိုင်းတွင် ပမာနတူညီသော တန်ပြန်အ ကျိုး သက်ရောက်မှုရှိသည်။ အ ကျိုးတရားသည် အကြောင်းတ ရားမှ ဖြစ်ဖွားလာရသည်ဟုယူ ဆသည်။ ကမ္ဘာ ၁း၁
“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန် ဆင်းတော်မူ၏။”

တချိန်က ဂရိတ်သိပ္ပံပညာရှင်ကြီးတဦးဖြစ်သော ကလိုးဒီးယားစ် တော်လဲမီး(Claudius Ptolemy c. 150 A.D.) သည်၊ စကြာဝဠာကြီးတခုလုံးမှ ကမ္ဘာလုံးကြီးကိုဗဟိုပြု၍ ဝန်းရံလည်ပတ်လျက်ရှိသည်ဟု ယူဆခဲ့သည်။ ဤအချက်သည် မှားယွန်းနေခဲ့သည်။ သို့ရာတွင် ထိုအချိန်က သိပ္ပံပညာများတို့သည် ကလိုး ဒီးယားစ် တော်လဲမီး ကဲ့သို့ပင် နှစ်ပေါင်း ၁ဝဝဝ ကျော်ခန့် စွဲမြဲစွာယုံကြံခဲ့ ကြသည်။ ထို့ကြောင့် ထိုခေတ် သိပ္ပံပညာရှင်တို့မှ စကြာဝဠာကြီးတခုလုံးသည် ကမ္ဘာကိုဗဟိုပြု၍ ဝန်းရံလည်ပတ်လျက်ရှိသည်ဟူ၍ လူများ အား သွန်သင်ခဲ့ကြရာ ဘာသာရေးခေါင်းဆောင်များအပါအဝင် ပညာတတ်ပုဂ္ဂိုလ်ကြီးများလည်း ယုံကြည်ခဲ့ ကြသည်။ ဤကဲ့သို့သော သွန်သင်မှုမျိုးသည် သမ္မာကျမ်းစာ၌ လုံးဝမရှိပေ။ ထိုခေတ်သိပ္ပံပညာရှင်အများစု တို့၏ အများသဘောတူညီမူသာဖြစ်၍၊ ဤအချက်မှားယွန်းကြောင်းကို သိပ္ပံပညာရှင် ဂါလီလီအို(Galileo) နှင့် ကောပါးကပ်စ် (Copernicus) တို့မှ ခရစ်သက္ကရာဇ် ၁၆ဝဝ ခန့်တွင် ထုပ်ဖော် ခဲ့ကြသည်။ ဤဖြစ်ရပ်အား သုံးသပ်ကြည့်ပါလျင်၊ လူအများစုပါဝင်သော်လည်း အချို့သောအယူဝါဒတို့သည် မှားယွန်းနေကြောင်းဖြင့် ထိုအယူဝါဒတို့မှ လူအများစုအား လမ်းမှားသို့ ရောက်သွားစေနိုင်ကြောင်းတို့ကို ပြသလျက်ရှိသည်။

ထို့ကြောင့် ဘာသာတရားသည်လည်း လူသားများအား သမာတရား(The truth)သို့ ပို့ဆောင်လမ်းပြ နိုင်မှသာလျင် ကောင်းမြတ်တော်မူသည်။ အလားတူစွာ၊ သိပ္ပံပညာသည်လည်း လူသားများအား ကောင်း မြတ်သော သမ္မာတရားလမ်းသို့ ပို့ဆောင်နိုင်မှသာလျင် ကောင်းမြတ်တော်မူသည်။ လူသားများဖြစ်၍ သိပ္ပံ ပညာရှင်များလည်း တခါတရံကျလျှင် မှားယွန်းသော အမှုများပြုတတ်ကြသည်။ ဂါလီလီအိုတို့ခေတ်က သိပ္ပံ ပညာရှင်တို့သည် ကမ္ဘာကိုဗဟိုပြု၍ စကြာဝဠာကြီးတခုလုံးမှ ဝန်းရံလည်ပတ်လျက်ရှိသည်ဟူ၍ ဆိုခဲ့ကြ ရာ ထိုခေတ်လူသားများမှ ယုံကြည်မိခဲ့ကြသည်။ သိပ္ပံပညာရှင်တို့မှ နက္ခတ်ဗေဒင်ပညာနှင့် ဂြိုလ်နက္ခတ်ဗေဒင် ပညာတို့အား ရောထွေး၍ အသုံးပြုနေကြခြင်းဖြစ်သည်။ အလားတူစွာ အဂ္ဂိရတ်အတတ်ပညာနှင့်ဓာတုဗေဒ ပညာတို့ကိုလွဲမှားစွာအသုံးပြုနေကြခြင်းဖြစ်သည်။ ထို့ကြောင့်အများတကာသောသူတို့ကိုလည်း လမ်းမှား သို့ပိုဆောင်ခဲ့ကြ သည်။

ဤကဲ့သို့ သိပ္ပံပညာရှင်တို့မှ ခေတ်အတော်ကြာကြာ အမှားအယွန်းများပြုနေသည့်အချိန်တွင် သမ္မာ ကျမ်းစာသည် အမြဲတမ်းပင် မှန်ကန်လျက်ရှိသည်။ ယခုခေတ်များ၌လည်း ဆင့်ကဲပြောင်းလဲမှု အယူအဆကို လက်ခံသောအုပ်စု(Evolutionist)တို့သည် မိမိတို့၏ ခံယူချက်နှင့် သိပ္ပံပညာကို ရောထွေးလျက်ရှိနေကြ သည်။ သိပ္ပံနည်းပညာဖြင့် စစ်ဆေးကြည့်သောအခါ ဆင့်ကဲပြောင်းလဲမှုအယူအဆ(Evolution) မှားယွန်း လျက်ရှိကြောင်း သိမြင်နိုင်သည်။ သို့ရာတွင် သမ္မာကျမ်းစာသည် ခေတ်အဆက်ဆက်မှစ၍ ယနေ့ထိတိုင် အောင် လူသားတို့၏ အစမူလကို ပြောပြလျက်ရှိသည်။ က ၁း၁ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင် နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ ” ဆင့်ကဲပြောင်းလဲမှုအယူအဆကို လက်ခံသော သိပ္ပံပညာရှင်တို့သည် ဤကဲ့သို့တဖန် မှားယွန်းနေကြသည်။ သို့ရာတွင် သမ္မာကျမ်းစာမှ မိမိ၏ရေးသားဖော်ပြမှုများ မှန်ကန်နေ ကြောင်းဖြင့် သက်သေထူနိုင်အုံးမည် ဖြစ်သည်။


REFERENCES - For More Information

"Hidden Treasures in the Biblical Text" by Chuck Missler, c. 2000.  Published by Koinonia House, 120 pages.  ISBN 1-57821-127-1

"Scientific Facts in the Bible" by Ray Comfort, c.2001.  Published by Bridge-Logos Publishers, 95 pages.  ISBN 0-88270-879-1

"The Vanishing Proofs of Evolution" by Thomas F. Heinze.  Published by Chick Publications, 94 pages.  ISBN 0-758905-70-X
 

"သမ္မာကျမ်းစာနှင့် သိပ္ပံပညာတို့ ညီညွတ်မှုရှိသည်။"
<http://www.creationism.org/burmese/BibleSci_my.htm>

Main:  Myanmar
www.creationism.org